.

Related Posts Plugin for WordPress, Blogger...
"Facebook ပေါ်မှာ သတင်းတွေအလွယ်တကူဖတ်ဖို့ ညာဘက်နားလေးက New Myanmar News Facebook စာမျက်နှာလေးကို Like လေးလုပ်သွားနိုင်ပါတယ်"

Monday, March 23, 2015

လူမြင်ကွင်းတွင် ကလေးနို့လှန်တိုက်ခြင်းကို တားမြစ်သူအား ဒဏ်ငွေရိုက်မည်


လက်တင်အမေရိကရဲ့ အကြီးဆုံးမြို့တော် Sao Paolo ဟာ လူမြင်ကွင်းမှာ အမျိုးသမီးတွေ မိမိရင်သွေးအား နို့တိုက်ခြင်းကို ဆန့်ကျင်တားဆီးနေတဲ့ အရက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ပြတိုက်တွေကို ဒဏ်ရိုက်မယ့် ဥပဒေပြဌာန်းချက် တစ်ခု ချမှတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Sao Paolo က ယင်းဥပဒေဟာ လူမြင်ကွင်းမှာ ကလေးနို့တိုက်တဲ့ အမျိုးသမီးတွေကို အပြစ်အပေးဆုံး ဖြစ်ခဲ့တဲ့ နေရာနဲ့ ယင်းအပြုအမူ ပြုမူလိုက်တဲ့ အမျိုးသမီးတွေကို “၀စ်စလက်ခတ် ဝတ်စားနေထိုင်သော မိန်းမ” လို့ ခေါ်ဆိုကြတဲ့နေရာတွေမှာ ယင်းဥပဒေအတိုင်း လိုက်နာကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ မိခင်တွေအနေနဲ့ ကိုယ့်ရင်သွေးကို ဘယ်နေရာမှာမဆို မိခင်နို့ချိုတိုက်ကျွေးနိုင်တော့မှာပါ။

Sao Paolo မြို့တော်အစိုးရက ယင်းဥပဒေကို ပြီးခဲ့သည့်အပတ်က သဘောတူထားပြီး ရက်ပေါင်း ၂၀ အတွင်း မြို့တော်ဝန်မှ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ တစ်မြို့လုံးရှိ ကောဖီဆိုင်၊ အရက်ဘားဆိုင်၊ ပြတိုက်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေပေါ် အကျိုးသက်ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံချက်ကို ဒဏ်ငွေရိုက်ဖို့ အတွက်သာ ပြဌာန်းသတ်မှတ်ခြင်း မဟုတ်ဘဲ လူမြင်ကွင်းမှာ ကလေးနို့တိုက်ခြင်းကို ဗီတိုအာဏာသုံး တားမြစ်ခြင်း ကန့်ကွက်ပိတ်ပင်ထားတဲ့ လူတွေ အသိတရားရစေဖို့ လည်း ရည်ရွယ်တယ်လို့ ကောင်စီဝင် Aurelio Nomura က ပြောတယ်။ မခြေအမြစ်မရှိတဲ့ အစွဲအလမ်း၊ မလိုမုန်းထားခြင်းတွေ အဆုံးသတ်သွားမယ်လို့ ယုံကြည်ကြောင်းလည်း ဆိုထားပါတယ်။

Ref:
Trend Myanmar

Read 4295 times

ခေတ်စားနေတဲ့ စုံတွဲများ အုပ်စုလိုက် လိင်ဆက်ဆံခြင်း


ထိုင်းကျောင်းသားနဲ့  လူငယ်တွေ အကြားမှာ အနောက်တိုင်းနိုင်ငံတွေ က လိင်ပိုင်းဆိုင်ရာ ရိုက်ကူးထားတဲ့ အုပ်စုလိုက် ကာမဆက်ဆံခြင်း ဇာတ်ကားတွေ ဟာ အွန်လိုင်းတွေမှာ အလွယ်တကူ ရှာကြည့်လို့ ရနေပါတယ်။

မြို့ ကြီးတွေမှာဆိုရင် အထူုးသဖြင့် နိုင်ငံခြားသားတွေနဲ့  ငွေသုံးနိုင်ဖြုန်းနိုင်တဲ့ လူတမ်းစားတွေက အွန်လိုင်းကနေ ကြော်ငြာထားပြီး နေအိမ်တလုံးမှာ မြွေမိတ်လိုက်တဲ့ ပါတီကို မိမိက တက်မယ်ဆိုရင် တည ၀င်ကြေးနဲ့  အမျိုးသမီး တဦးခေါ် လာရတယ်၊ ရှာလို့ မလွယ်ရင်လည်း စီစဉ်သူတွက ငွေကြေးနဲ့  အငှားရီးစား စီစဉ်ပေးတယ်။

မြွေပါတီမှာ မိမိကြိုက်ရာ ဆေးတွေသုံးစွဲဘို့  ငွေထုတ်ပါရင် ပြီးပါတယ်။

အဲလို လူ့ ယဉ်ကျေးမှုကို ဆန့် ကျင်တဲ့ နည်းတွေကို အတုခိုးပြီး သူ့ ရီးစား ကိုယ့်ရီးစား လဲပြီး လိင်ဆက်ဆံကြ တာတွေ ကျောင်းသားတွေ အကြားမှာ အတုခိုးမှာပြီး ထွန်းကားနေတာကြောင့် ထိုင်းနိုင်ငံ အနေနဲ့ အလေးထာပြီး စုံစမ်းဖေါ်ထုတ် အရေးယူ နေရပါပြီ။

ကားမစိတ်ပြင်းထန်တဲ့ ဆေးဝါးတွေသုံးစွဲပြီး လူငယ်တွေကြားမှာ ရီးစားများ အစုလိုက်ချိန်းတွေတဲ့ အလေ့ထတွေကို ယခုအခါမှာ ထိုင်းတက္ကသိုလ်ကျောင်း သားတွေတင် မကတော့ဘဲ အလယ်တန်း ကျောင်းသားလေးတွေ ကြားမှာတောင် ခေတ်စားနေတဲ့ အတွက် မိဘတွေလည်း စိတ်ထိခိုက်နေရပါတယ်။

မကြာသေးမှီ ပြည်သူတဦးက သတင်းပေးလို့  တည်းခိုခန်း တလုံးမှာ ချိန်းတွေ့ နေကြ တဲ့ ၁၃နှစ် အရွယ်
စုံတွေ လေးယောက်ကို အာဏာပိုင်တွေက အခန်းတွင်း ၀င်ရောက် ဖမ်းဆီး ခဲ့ရပါတယ်။

ခလေးတွေကို ခုလိုဖမ်းမိခဲ့တာဟာ ပထဆုံး အကြိမ် တော့ မဟုတ်ပါဘူး အင်တာနက်လိုင်းတွေက အုပ်စုလိုက် ကာမဆက်ဆံတာတွေ ကိုကြည့်ပြီး လွတ်လပ်စွာ တွေ့ နိုင်တဲ့ နေရာတွေကို စုံတွဲချင်း သဘောတူ ချိန်းတွေ့ ကြတာပါ။ ခလေးတွေ ခုလိုလာပြီး ချိန်းတွေနေတာ နှစ်ကြိမ်မက ရှိနေပါပြီလို့  ၀န်ခံခဲ့ကြပါတယ်။

အမိမြန်မာပြည်မှာ လူကြီးမိဘတွေ သတိထားနိုင်ကြဘို့  တင်ပြလိုက်ပါတယ်။

Social Action for Women - SAW

Community Organization

Read 4295 times

Tuesday, January 27, 2015

ရုပ်ချောရင် အလကားကျွေးတဲ့ စားသောက်ဆိုင်


အေသင်အောင်

တရုတ်နိုင်ငံ၊ Zhengzhou မြို့မှာ ထူးခြားတဲ့ စားသောက်ဆိုင် တစ်ခု ဖွင့်လှစ် ထားပါတယ်။ ဒီစားသောက်ဆိုင်ဟာ ကိုရီးယား အစားအစာ တွေကို ရောင်းချနေခြင်း ဖြစ်ပါတယ်။ ဆိုင်ကို ရောင်းအားး မြှင့်တင်တဲ့ အနေနဲ့ ထူးခြားတဲ့ ပရိုမိုးရှင်း အစီအစဉ် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ရုပ်ချောတဲ့ သူတွေကို အလကား ကျွေးခြင်းပဲ ဖြစ်ပါတယ်။ ဒီဆိုင်ဟာ တစ်နေ့လျှင် ရုပ်ချောတဲ့သူ ငါးဦးကို အလကား ကျွေးမွေးလေ့ ရှိပါ တယ်။ ဒါပေမဲ့ ရုပ်ချော၊ မချော ဆိုတာကို စမ်းသပ်မှုတွေ ခံရမှာ ဖြစ်ပါတယ်။

ဆိုင်မှာ တပ်ဆင်ထားတဲ့ စက်ကိရိယာမှာ အစမ်းသပ်ခံရမှာ ဖြစ်ပြီး သတ်မှတ်ချက် တွေနဲ့ ပြည့်စုံပါက အစားအသောက် တွေကို အလကား စားသုံးခွင့် ရမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်တာဟာ ဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ်တွေမှာ ဒီဆိုင်နဲ့ပတ်သက်ပြီး ဝေဖန် မှတ်ချက်မျိုးစုံ ပေးခဲ့ကြပါတယ်။ ရုပ်ဆိုးတဲ့ သူတွေ လာစားလို့ ရှိရင် နှစ်ဆပေးရမလား ဆိုတဲ့ နောက်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ ဒီလို ပြုလုပ်ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ စွပ်စွဲမှု တွေရှိခဲ့ ပါတယ်။ ဒါကြောင့် ဒေသဆိုင်ရာ အာဏာပိုင် တွေဟာ ဒီလို ပရိုမိုးရှင်းမျိုး မပြု လုပ်ဖို့ တားမြစ်ခဲ့ပါတယ်။ ဆိုင်တာဝန်ရှိသူတွေ ကလည်း ရက်အကန့်အသတ်နဲ့သာ ပြုလုပ်ခဲ့တဲ့ လူစိတ်ဝင်စားစရာ ပရိုမိုးရှင်းသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့ ပါတယ်။

The Messenger

Read 4295 times

Monday, January 26, 2015

နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့် ကိစ္စ နှင့်ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ


အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လမ်းလျှောက် ဆန္ဒပြ လျက် ရှိသော ကျောင်းသား အဖွဲ့သည် ဇန်န၀ါရီ(၂၅)ရက် နံနက်(၈)နာရီ မိနစ်(၄၀)တွင် ညအိပ် ရပ်နား ခဲ့သည့် နွားထိုးကြီးမြို့ သိမ်တော်ကျောင်းတိုက်မှ ထွက်ခွာ၍ မြင်းခြံမြို့သို့ ဆက်လက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြသည့်အဖွဲ့တွင် (၆၅)ဦး ရှိလာခဲ့ပြီး ၄င်းတွင် ချောက် မြို့ ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးဝိသုဒ္ဓနှင့် သံဃာငါးပါး၊ ပခုက္ကူမြို့မှ သံဃာတစ်ပါး စုစုပေါင်း သံဃာခြောက်ပါးမှာ နွားထိုးကြီးမြို့တွင် ပူးပေါင်း ပါဝင် လာခြင်း ဖြစ် သည်။

ထိုအဖွဲ့သည် မြင်းခြံမြို့သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိလာရာ ၄င်းမြို့နယ်ရှိ အဖွဲ့ အစည်းအချို့မှလည်း ပူးပေါင်းပါဝင်၍ မြို့တွင်းသို့လှည့်လည်ခဲ့ကြပြီးနောက် အဆိုပါ အဖွဲ့သည် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတွင် ညအိပ် ရပ်နားခဲ့သည်။

ယနေ့ နေ့လယ်ပိုင်းတွင် ဗကသမှ အောင်မှိုင်းဆန်းဦးဆောင်သည့် အဖွဲ့နှင့် ၄င်းမြို့ နယ်ရှိ အဖွဲ့အစည်းအချို့ပူးပေါင်း အင်အား(၂၇၅)ဦးသည် မြင်းခြံမြို့တွင်း လှည့်လည် လမ်းလျှောက်ခဲ့ပြီး ရွာစည်ကျေးရွာ အနီးရှိ မြင်းခြံ ဒီဂရီကောလိပ် သို့ ရောက်ရှိခဲ့ရာ မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာကိုကိုမြင့်နှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်း မ၀င်ရန် တားမြစ်ခဲ့သော်လည်း ပိတ် ထားသော ကျောင်း တံခါးအား အတင်းတွန်း ဖွင့်ဝင်ရောက်ခဲ့ကြောင်း၊ ပင်မကျောင်းဆောင်ရှေ့သို့ ရောက်ရှိပြီး ပင်မကျောင်း ဆောင်ရှေ့ရှိ လွှင့်ထူ ထားသော နိုင်ငံတော်အလံအားဖြုတ်ချ ကာ ကျောင်းသား သမဂ္ဂအလံအား လွှင့်ထူခဲ့ကြောင်း၊ ထိုသို့ လွှင့်ထူစဉ် ကျောင်းစောင့် (၃)ဦးက တားမြစ်သော် လည်း ကျောင်းသားများက တွန်းဖယ်ပြီး ဆက်လက်ဆောင် ရွက်ခဲ့ ကြောင်း သိရှိရသည်။

နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြင်းခြံမြို့မရဲစခန်းက နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

Read 4295 times

ယောက်ျားကနေ မိန်းမဖြစ်သွားတဲ့ ဗြိတိန်တပ်မတော်အရာရှိ


အာဖဂန်နစ္စတန်၌ စစ်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် ဗြိတိန်တပ်မ တော်အရာရှိံHannah Winterbourne သည် အမျိုးသားဘဝမှ အမျိုးသမီးဘဝ သို့ ပြောင်းလဲခဲ့ ကြောင်း သိရသည်။ ၄င်းသည် တပ်မတော်တွင် ပထမဆုံး လိင် ပြောင်းလဲသည့် အရာရှိတစ်ဦးလည်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်Hannah သည် အမျိုးသားတစ်ဦး အဖြစ်မွေးဖွားလာခဲ့ပြီး လိင်ပြောင်း လဲခြင်း မပြုလုပ်ခင် အမျိုးသား အရာရှိတစ်ဦးအဖြစ် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် အသက် ၁၅ နှစ် အရွယ်မှစပြီး တပ်မတော်ကော လိပ်တွင် ပညာသင်ကြားခဲ့ပြီးနောက် တပ်မတော်၏ စီစဉ်ပေးမှုဖြင့် နယူးကာဆယ် တက္ကသိုလ်၌ အီ လက်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ သည်။ ထို့နောက် ဂျာမနီတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆရာဝန် များအား လိင်ပြောင်းလဲမှုလုပ်ငန်း စဉ်များအား မေးမြန်းခဲ့သည်။

လိင်ပြောင်းလဲမှုအပေါ် အ များက ဝေဖန်ကဲ့ရဲ့မည်ကို စိုးရိမ် ခဲ့သော်လည်း အာဖဂန်မှ ပြန်လာ ပြီးနောက် လိင်ပြောင်းလဲခွဲစိတ်ရန် ဆုံးဖြတ်ခဲ့ သည်။ ၄င်းသည် ဟော် မုန်းကုထုံးများ၊ ခွဲစိတ်မှုအချို့နှင့် မုတ်ဆိတ်မွေး ဖယ်ရှားမှုကုထုံး များ ပြုလုပ်ပြီးနောက်အမျိုးသမီး တစ်ဦးအဖြစ် အတိအလ င်းနေထိုင် ခဲ့သည်။Hannah သည် လက်ရှိအ ချိန်၌ အခြားအမျိုးသမီးအရာရှိ များ နည်းတူ တပ်မတော်၌ တာ ဝန်ထမ်းဆောင်လျက်ရှိသည်။

TW
Ref: Daily Mail

Read 4295 times

စစ်စည်းကမ်းနဲ့ သင်ကြားပို့ချနေတဲ့ ကျောင်း ထူးချွန်သူများပြား၍ မိဘများနှစ်သက်နေ


တရုတ်နိုင်ငံ၊ Anhui အရပ်ဒေသဟာ တောင်တန်းတွေ ဖုံးလွှမ်းနေပြီး လူနေ အရောက်အပေါက်လည်း နည်းပါးပါတယ်။ ဒီဒေသမှာတည်ရှိတဲ့ မာအိုတန်ချန်းမြို့လေး မှာ ပညာသင်ကြားတဲ့ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ထား ပါတယ်။ ဒီကျောင်းဟာ တရုတ် နိုင်ငံရဲ့ နာမည်ကျော်ကြားတဲ့ ကျောင်း တစ်ကျောင်း အဖြစ် လူသိများ ပါတယ်။ ဒီကျောင်း မှာ တက်ရောက် ပညာ သင်ကြားနေတဲ့ ကျောင်းသား အရေအတွက်ဟာ (၂၀၀၀၀) ကျော် အထိရှိပါတယ်။ မာအိုတန်ချန်း အထက်တန်းကျောင်းဟာ စည်းကမ်း အရာမှာ အလွန် တင်းကျပ်ပြီး ကျောင်းသားတွေကို စစ် စည်းကမ်းနဲ့ အုပ်ချုပ်နေ တာမို့ အောင်ချက် အလွန်ကောင်းတဲ့ ကျောင်းအဖြစ် ကျော်ကြား နေခြင်း ဖြစ်ပါတယ်။

ဒီကျောင်းမှာ တက်ရောက်တဲ့ ကျောင်းသားတွေဟာ ကျောင်းက ချမှတ်ထားတဲ့ သံမဏိ စည်းကမ်းတွေကို တိကျစွာ လိုက်နာရမှာ ဖြစ်ပါတယ်။ ယနေ့ခေတ်လို ကာလမှာ မိုလ်ဘိုင်းဖုန်း သုံးစွဲခြင်း၊ အင်တာနက် အသုံးပြု ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတာတွေကို တားဆီးဖို့ ဆိုတာ အလွန် ခက်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းမှာတော့ အထက်မှာ တင်ပြခဲ့တဲ့ ကန့်သတ်ချက် အားလုံး လုံးဝ ပြုလုပ်ခွင့် မရှိပါဘူး။ ကျောင်းသားတွေကို စနစ်တကျ အုပ်ချုပ်ပြီး မိုလ် ဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုခြင်း မရှိအောင် စနစ်တကျ စစ်ဆေးလေ့ရှိပါတယ်။ ကျောင်းဆရာတွေ ကိုလည်း အမျိုးသားတွေ ကိုသာ ခန့်ထား ပါတယ်။ ဒီကျောင်းမှာ တာဝန် ထမ်းဆောင်တဲ့ ကျောင်းဆရာတွေ ဟာ အခြားကျောင်းက ဆရာတွေထက် လစာပိုရလေ့ရှိ ပါတယ်။ ဆရာ တစ်ယောက် ဟာ ကျောင်းသားတွေကို တိုးတက်အောင် ပြုလုပ်ပေးနိုင်ပါက ရမှတ်တွေနဲ့ သတ်မှတ် ထားပြီး ဆုကြေးတွေ ပေးအပ် ချီးမြှင့်လေ့ ရှိပါတယ်။ တရုတ်နိုင်ငံ တစ်ဝန်းမှာ ရှိတဲ့သူ တွေဟာ ဒီကျောင်းမှာလာရောက်ပြီး ပညာ သင်ယူလေ့ရှိ ပါတယ်။ တရုတ် နိုင်ငံက လယ်သမား မိသားစုတွေဟာ သူတို့ရဲ့ သားသမီး တွေကို ထွန်းပေါက်လို တာမို့ ဒီကျောင်းမှာ လာရောက်ပြီး ပညာ သင်ယူစေခဲ့ ပါတယ်။ ဒီကျောင်းက အောင်ချက် တဖြည်းဖြည်း ကောင်းမွန်လာခဲ့ပြီး တက္ကသိုလ်တွေမှာ ထူးချွန်တဲ့ သူတွေ အဖြစ် မွေးထုတ်ပေးခဲ့ ပါတယ်။ ကျောင်းသား အများစုဟာ ဒီကျောင်းမှာ တက်ရောက် နေစဉ်အတွင်း စစ်စည်းကမ်းနဲ့ အုပ်ချုပ်ခံရပေမယ့် ပညာအရာ မှာတော့ ထူးချွန် လာတာမို့ သူတို့ရဲ့ မိသားစုတွေ ကတော့ နှစ်သက်နေ ကြတယ်လို့ ဆိုပါတယ်။

The Messenger

Read 4295 times

မျက်လုံးမှိတ်ပြီး စဉ်းစားပါက မြန်မြန်ဆန်ဆန် ပြန်မှတ်မိနိုင်


မေ့နေသော အကြောင်းအရာများကို ပြန်စဉ်းစားသည့် အချိန်တွင် မျက်လုံးမှိတ်ပြီး စဉ်းစားပါက ပိုမိုမှတ်မိ စေနိုင်ကြောင်း ဆာရေး တက္ကသိုလ်မှ သုတေသန ပညာရှင်များက အကြံပေးထားသည်။

သိပ္ပံပညာရှင်များသည် လူအများကို ရာဇ၀တ် အမှုအခင်း ရုပ်ရှင်များကို ပြသကာ ဘယ်လောက် မှတ်မိနိုင်သည်ကို စမ်းသပ် ခဲ့ကြသည်။ ထိုသို့ စမ်းသပ်ခြင်းဖြင့် ရာဇ၀တ် မှုခင်းများကို ကြုံတွေ့ခဲ့ရသူများ အနေဖြင့် ၎င်းတို့ မြင်တွေ့ခဲ့ရသည်များကို ရဲများကို ပြန်လည် ပြောပြရာတွင် အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း မျှော်လင့်ထားသည်။

ရာဇ၀တ်မှု ဆိုင်ရာ စိတ်ပညာရှင်များက လူပေါင်း (၁၇၈) ယောက်အား အဖြစ်အပျက် နှစ်ခုကို ယှဉ်တွဲ ပြသကာ စမ်းသပ်ခဲ့ကြသည်။ အဖြစ်အပျက်များကို ပြန်လည် ပြောပြရာတွင် မျက်လုံးမှိတ်ပြီး ပြောပြစေခြင်းနှင့် မျက်လုံးဖွင့်ပြီး ပြောခြင်းတို့ကို ယှဉ်တွဲပြီး စစ်ဆေးကြည့်ရာ မျက်လုံးမှိတ်ပြီး ဖြေဆို သူများသည် မေးခွန်း (၁၇) ခု၏ သုံးပုံ တစ်ပုံခန့်ကို မှန်ကန်စွာ ဖြေဆိုနိုင်ကြောင်း တွေ့ရသည်။

ထို့ကြောင့် ပညာရှင်များက မျက်လုံး မှိတ်ထားခြင်းဖြင့် အကြောင်းအရာများကို ရှင်းလင်း ပြတ်သားစွာ ပိုမိုအာရုံခံနိုင်စွမ်း ရှိကြောင်း ဆိုသည်။ မျက်လုံးများ မှိတ်ထားသဖြင့် အမြင် အာရုံအတွက် ဦးနှောက်က အလုပ် နည်းသွားကာ စဉ်းစားခြင်းမှာ ပိုအာရုံစိုက် နိုင်လာခြင်း ဖြစ်သည်။ အဆိုပါ အချက်သည် စာသင်ကြား ရာတွင်လည်း အထောက်အကူ ပြုစေကြောင်း စမ်းသပ်မှုတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ ဒေါက်တာ ရောဘတ်နက်ရှ်က ဆိုသည်။

““အခုလို မျက်လုံးမှိတ်ပြီး စဉ်းစားတာက သင်ခန်းစာတွေ လေ့လာရာမှာလည်း အသုံးတည့်ပါတယ်။ သင်ကြားခဲ့တဲ့ စာတွေကို ပိုပြီးတော့ မှတ်မိစေတာကို တွေ့ရပါတယ်”” ဟု ၎င်းက ပြောသည်။ ပလိုင်းမောက် တက္ကသိုလ်မှ ပရော်ဖက်ဆာ တင်ဟောလင်းစ် ကလည်း မျက်လုံးမှိတ်ပြီး စဉ်းစားခြင်းက ပေါင်းသင်း ဆက်ဆံရေးမှာ ပိုပြီးတော့ ရင်းနှီး ချစ်ကြည်မှုကို တိုးတက်စေကြောင်း၊ မျက်လုံးမှိတ်ပြီး ပြန်လည် စဉ်းစားကာ အဖြစ်အပျက်များကို ပိုမိုတိကျစွာ သိလာခြင်းကြောင့် အဆင်မပြေမှု များကိုလည်း ချေဖျက်နိုင်ကြောင်း ပြောသည်။

Source: BBC

Messenger

Read 4295 times

Sunday, January 25, 2015

မော်တော် ဆိုင်ကယ် ဘောလုံးပြိုင်ပွဲ လာပြီ



မော်တော် ဆိုင်ကယ်နဲ့ ဘောလုံး တစ်လုံးရှိနေရင် ဘာလုပ်ရမလဲ ဆိုတဲ့ အဖြေရှိနေပြီ ဖြစ်ပါတယ်။ အဲဒါကတော့ မော်တော် ဆိုင်ကယ်နဲ့ ဘောလုံးကန်ခြင်း ဖြစ်ပါတယ်။ ဒါကို မော်တော်ဆိုင်ကယ် ဘောလုံးပြိုင်ပွဲ (Motoball)လို့ခေါ်ဆိုကြပါတယ်။ ဒီကစားနည်းကို ရုရှားနိုင်ငံမှ စတင်ခဲ့တာ ဖြစ်ပြီး ဒီနေ့ အချိန်မှာတော့ ကမ္ဘာ့ အနှံ့မှာ ကစားနေကြပြီ ဖြစ်ပါတယ်။ စည်းမျဉ်းတွေ ကတော့ ဘောလုံး ပြိုင်ပွဲနဲ့ ဆင်တူနေပြီး တစ်ဖက်ကို ငါးဦး ပါဝင် ကစားရပါတယ်။ အသင်း တစ်သင်းမှာ ဂိုးသမားက လွဲရင် အခြားလေးဦးက မော်တော် ဆိုင်ကယ်စီးရမှာ ဖြစ်ပါတယ်။ မိနစ်(၂၀)ကို လေးကြိမ်ခွဲ ကစား ရမှာ ဖြစ်ပြီး စည်းကြပ်ဒိုင် နှစ်ဦး၊ ကွင်းလယ်ဒိုင် တစ်ဦးထားရှိ ရမှာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်ကို စီးနင်း ကစားရ တာကြောင့် ဆိုင်ကယ်စီး ဦးထုပ်တွေ အားလုံး ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ မော်တော် ဆိုင်ကယ်တွေရဲ့ အမြန်နှုန်းက တစ်နာရီကို (၆၅)မိုင်နှုန်း ရှိတယ်လို့ ဆိုထားပါတယ်။ ဘောလုံး ကတော့ သာမန်ထက်ကြီးပြီး အချင်း(၄၀) စင်တီမီတာရှိ တာကြောင့် အလေးချိန်က (၁) ကီလိုမီတာ ရှိပါတယ်။ ဂိုးရှေ့မှာ စည်းတား ထားပြီး ဆိုင်ကယ် မောင်းနှင်လို့ မရပါဘူး။ ပထမဆုံးပွဲကို ၁၉၂၉ ၊ ပြင်သစ် နိုင်ငံ ဒီဂျွန် မြို့မှာ စတင်ခဲ့ပေမယ့် ပထမဆုံး တရားဝင် အသိအမှတ်ပွဲ ကိုတော့ ၁၉၆၃၊ ဆိုဗီယက် ပြည်ထောင်စုမှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားမှာ ကလပ် အသင်းတွေ ဖွဲ့ ပြီးတော့ ကျယ်ပြန့်စွာ ကစားနေပြီး အင်္ဂလန်၊ နယ်သာလန်၊ စပိန် စတဲ့ နိုင်ငံတွေမှာ ကစားတာ ဆယ်စုနှစ်ကျော် သွားပြီ ဖြစ်ပါတယ်။ အန္တရာယ်များတဲ့ ကစားနည်း ဖြစ်ပေမယ့် ဆိုင်ကယ်စီးပြီး ဘောလုံးကန်ရ တာကြောင့် လူငယ်တွေ ကြားမှာ ရေပန်းစားနေတဲ့ ကစားနည်း တစ်ခု ဖြစ်နေပါတယ်။

The Messenger

Read 4295 times

တကယ့် စာအုပ်တွေကို ဖတ်ဖို့ အချိန်ကျပါပြီ


ရည်မွန်အောင်

ရုပ်အတွက် အစာစားရ သလို၊ စိတ်အတွက်လည်း စာဖတ်ရ၏ဟု ပညာရှိများ ဆိုဆုံးမ ကြသည်။ တစ်ဘ၀ တစ်လျှောက်လုံး စာဖတ်လာခဲ့ ပါက အသက်ကြီးပိုင်း ရောက်သည့် အခါတွင် ဉာဏ်ရည် ပျောက်ဆုံးသည့် ရောဂါရ နိုင်ခြေ နည်းလှကြောင်း လေ့လာမှု များက ဖော်ပြ နေသည်။ စာဖတ်ခြင်း ကြောင့် ဘ၀အမောတွေ ပြေစေနိုင် သလို အခြားသူများ အပေါ်တွင်လည်း စာနာ နားလည် စိတ်ပိုစေ တတ်ကြောင်း ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန် ခဲ့သည့် လေ့လာမှုတစ်ခုတွင် ဖော်ပြ ထားသည်။

စာဖတ်ခြင်းက လူတွေ အပေါ်ကောင်းကျိုးဆောင် သလို စာဖတ်ပုံ ဖတ်နည်း ကလည်း လူ၏စိတ်နှင့် ရုပ်ကျန်းမာရေး အပေါ် သက်ရောက်မှု ရှိနေပြန်၏။ ယနေ့ခေတ်လို နေရာတကာ နည်းပညာ အားကိုးသော ခေတ်တွင် ပုံနှိပ် ထုတ်ဝေသော စာအုပ်များ နေရာ၌ Kindle နှင့် Nook ကဲ့သို့ အီလက်ထရောနစ် ပစ္စည်းများက အစားထိုး ၀င်ရောက် လာပြီ ဖြစ်သည်။ တချို့လည်း စမတ်ဖုန်း များဖြင့် စာဖတ် ကြသည်။ တချို့ကလည်း ကွန်ပျူတာ များဖြင့် ဖတ်ကြ ပြန်သည်။ ပုံနှိပ် ထားသော စာအုပ်ဖြင့် စာဖတ်ခြင်းက ရှေးရိုးဆန်သည်။ လက်တွေ့ မကျဟုပင် သတ်မှတ်လာ ကြပြီ ဖြစ်သည်။

ယခုအက်ဆေးတွင် ဂန္တ၀င်ဟု နည်းပညာ တတ်ပွန်သူ များက ပြောဆိုနေသည့် ပုံနှိပ် ထားသော စာအုပ်များ ဘက်မှ ခုခံ ချေပလို ပါသည်။ ပုံနှိပ် ထားသော စာအုပ်များတွင် အီလက်ထရောနစ် စာအုပ်များ သို့မဟုတ် အီးဘွတ်ခ်များ လိုက်မမီသော အချက်များရှိ နေသည်ကို ထောက်ပြချင် ပါသည်။ မကြာသေးမီတွင် မအိပ်မီ အချိန်လေး လက်ဖက်ရည်လေး သောက်လိုက် စာလေးဖတ်လိုက် နေတတ်သည့် အကျင့်ကို မွေးမြူ မိသည်။ အကျိုးဆက်မှာ အကြောဖြေလျော့သွား သလို၊ ချက်ချင်း လိုလို အိပ်ပျော် သွားခြင်း ဖြစ်သည်။ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော် သွားပြီး မနက် နိုးလာသည့် အခါ တွင်လည်း လန်းဆန်း နေသည်ကို တွေ့လိုက် ရသည်။ စာအုပ်ထဲက အကြောင်းတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေကို ပြန်စဉ်းစား မိသည်။ ပြုံးမိသည့် အခါတွင်လည်း ပြုံးမိသည်။ သံဝေဂရသည့် အခါတွင်လည်း ရမိသည်။ သို့သော် နေ့စဉ် ဘ၀ကြီးထဲတွင် ကြုံနေ ရသည့် ဘ၀အမော များကိုတော့ ပြေစေကြောင်း သတိတော့ ထားမိ လိုက်သည်။ ဒါကို မတော်တဆ ကြုံကြိုက် တိုက်ဆိုင်မှုဟု မထင်မိပါ။ တစ်နေ့ တစ်နေ့ ဖုန်းကလိ နေတာ ကို ရပ်လိုက်သည်။ အကြောင်းမှာ ဖုန်းကို ကိုင်လိုက် မိလျှင် မက်ဆေ့ဂ်ျ ပို့မည်။ ဖေ့စ်ဘွတ်ခ် သုံးမည်။ အင်စတာဂရမ် သုံးမည်။ စနတ်ချတ်မှာ စကားတွေ ပြောမည်။ မပြီးနိုင်တော့။ ယခုတော့ ဖုန်းကို ချထား လိုက်ပြီ ဖြစ်သည်။ လိုအပ်မှသာ ဖုန်းဆက်ပြီး စကားပြောမည်ဟု ဆုံးဖြတ်ထား လိုက်သည်။ စားပွဲခုံ မှာ အကျအန ထိုင်ပြီး စာဖတ်ခြင်းက ဘ၀မှာ အတော့်ကို ဟန်ကျပါလား ဆိုသည်ကို တွေ့ရှိသွား သောကြောင့် ဖြစ်သည်။

ပုံနှိပ် စာအုပ်များ ဖတ်ရှုခြင်းနှင့် အီးဘွတ်ခ်များ ဖတ်ရှုခြင်းတို့ကြား ကွာဟချက်ကို ပညာရှင်များ လေ့လာနေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ယခုခေတ် လူများက ရှေးဟောင်း ပစ္စည်းများဟု ခေါ်ဆိုနေသည့် ပုံနှိပ် ထားသည့် စာအုပ် များသည် အီးဘွတ်ခ် များထက် ဖတ်ရှုသူကို အကျိုးများ စေကြောင်း တွေ့ရှိခဲ့ ကြသည်။ စမတ်ဖုန်းများ၊ တဲဘလက် များဖြင့် အီးဘွတ်ခ် များကို ဖတ်ရှုပါက စာတော့ ဖတ်ဖြစ်ပါသည်။ သို့သော် အပလီကေးရှင်း ပေါင်းစုံက ၀င်လာသော မက်ဆေ့ဂ်ျ များ၏ တီတီတောင်တောင် မြည်သံ များက စာဖတ်ကို ပျက်စေ တတ်သည်။ မက်ဆေ့ဂ်ျ ၀င်လာပြီ ဖြစ်သောကြောင့် စာကို ဆက်မဖတ်နိုင်။ မက်ဆေ့ဂ်ျမှာ ဘာများ ရေးထားမလဲ ဆိုသည့် အတွေးဖြင့် အီးဘွတ်ခ် ဖတ်နေခြင်းကို ရပ်ကာ မက်ဆေ့ဂ်ျကို ဖတ်ရ ပြန်သည်။ ယင်းမက်ဆေ့ဂ်ျမှာ အစသာ ဖြစ်သည်။ မက်ဆေ့ဂ်ျ ပြီးနောက် မိတ်ဆွေက ညွှန်းသည့် ၀က်ဘ်ဆိုက် များကို ၀င်ကြည့်မိ ပြန်သည်။ ယင်းနောက် မဆုံး နိုင်တော့။ အီးဘွတ်ခ်ဘက် ပြန်လှည့်သည့် အချိန်မှာတော့ မျက်လုံးက အတော်ကို ညောင်းနေပြီ ဖြစ်သည်။ လူမှု မီဒီယာ များကို အချိန်ကြာကြာ သုံးမိ ခြင်းကြောင့် အခြားသူများက ကိုယ့်ထက် ပျော်ရွှင်နေပုံရ နေသည် များကို မြင်ရ၊ ကိုယ့်မိတ်ဆွေ များ၏ စိတ်ဆင်း ရဲစရာ များကို မြင်ရ စသည်ဖြင့် အတွေးပေါင်း များစွာ ချာချာလည်ပြီး စိတ်ရှုပ်ကာ အိပ်မပျော်နိုင် ဖြစ်ရပြန်သည်။

ဂန္တ၀င်ဟု ခေါ်သော ပုံနှိပ် စာအုပ်များ ကတော့ ယင်းသို့မဟုတ်။ ပထမဆုံး အားသာချက်မှာ ထိတွေ့မှု ဖြစ်သည်။ စာရွက်သားနှင့် ထိတွေ့ လိုက်ရသော အရသာကို စာဖတ်သူတိုင်း သိကြသည်။ နူးညံ့ညင် သာသော အထိအတွေ့ ဖြစ်သည်။ ကြိုဆို လက်ခံသော အထိအတွေ့ ဖြစ်သည်။ စာချစ်သူများ ဆိုလျှင် စာရွက်သားကို နမ်းကြည့်တတ် ကြသည်။ ဒါက စာမဖတ်ခင် ဖြစ်သည်။ စာဖတ်မိပြီ ဆိုလျင်လည်း အခြား အနှောင့်အယှက်များ မ၀င်ပါက စာအုပ် ကိုယ်တိုင်က ဘာမှ အနှောင့်အယှက် မပေးနိုင်။ ဖတ်ချင်လျှင် ဆက်ဖတ်။ မဖတ်ချင်လျှင် ဆက်မဖတ်နှင့်။ စာအုပ် ကတော့ ရှင်းသည်။ သင်ဖတ်ပြီး ချထားလျှင်လည်း တောင်တောင်တီတီ အသံမမြည်။ သစ္စာရှိသော အဖော် ဖြစ်သည်။ စာအုပ်စာတမ်း ပေါသော ခေတ်ကြီးတွင် မကြိုက်လို့ လွှင့်ပစ် လိုက်လျှင်လည်း စာဖတ်သူ အတွက် များစွာ အကုန်အကျများ သွားမည် မဟုတ်။ ယနေ့ခေတ် အီးဘွတ်ဖ်ဖတ် စက်များကို စာအုပ်လို လွှင့်ပစ် လိုက်စမ်းပါ။ သင့်လစာ၏ အစိတ်အပိုင်း တော်တော်များ များကို သင်ကိုယ်တိုင် ဖြုန်းတီး ပစ်လိုက်ခြင်း ဟု အဓိပ္ပာယ် ရသွားပါ လိမ့်မည်။ မယုံလျှင် စမ်းကြည့် သင့်သည်။

နည်းပညာ အားကိုးသူများ ကလည်း Amazon ထုတ် Kindle အီလက်ထရောနစ် စာဖတ်စက် များသည် ပုံနှိပ် ထားသော စာအုပ် များပင် ဖြစ်ကြောင်း ခုခံ ပြောဆိုကြသည်။ ဟုတ်ပါသည်။ Kindle စာဖတ်စက် များသည် စာအုပ်များ လိုပင် အလင်းမပြန်ပါ။ စာအုပ် တစ်အုပ် လိုပင် စာမျက်နှာ များကို လှန်ပြီး ဖတ်နိုင် ပါသည်။ Kindle၏ ကောင်းကွက် ကိုတော့ ၀န်ခံပါသည်။ သို့သော် Kindle စာဖတ်စက် များဖြင့် ဖတ်ရှုသူ များသည် ပုံနှိပ်ထား သော စာအုပ်များကို ဖတ်သူများနှင့် နှိုင်းယှဉ်လျှင် စာအုပ်ထဲက ဇာတ်လမ်း ဇာတ်ကွက်များကို များစွာ အမှတ်ရလေ့ မရှိကြောင်း ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှု တစ်ခုတွင် ဖော်ပြ ထားသည်။ သုတေသန ပညာရှင်များ ကတော့ အကြောင်းအရင်းကို ရှာမရသေး။ ဖြစ်တန်ရာ ရှိသည်မှာ တကယ့်စာအုပ်ကို ဖတ်ရှုခြင်း ကဲ့သို့ စာဘယ်လောက် ဖတ်ပြီးနေပြီ၊ ဘယ်လောက် ကျန်သေးသည်ကို လက်တွေ့ သိရှိရန် မလွယ်ကူ သောကြောင့် ဖြစ်နိုင်ပါသည်။ စာအုပ်များဖြင့် ဖတ်သော စာဖတ်သမား များတွင် အကျင့် တစ်ခုရှိ ပါသည်။ ယင်းမှာ စာအုပ်ကို လက်က ကိုင်ထားရင်း စာမျက်နှာကို ရုတ်တရက် လှန်တတ်ခြင်း ဖြစ်သည်။ ရုတ်တရက် လှန်ပြီးလျှင် တွေ့ရာ စာမျက်နှာကို ဖတ်လေ့ ရှိတတ် ကြသည်။ အီးဘွတ်ခ် ဖတ်သူများ ကတော့ ယင်းသို့ လုပ်ကိုင်ရန် မလွယ်ကူတတ်။ စာဖတ်စက်က ချပေးထားသည့် ပုံစံ အတိုင်း ဖတ်သွား ရသည်။ စက်ရုပ်ဆန်သည်ဟု ဆိုရမည်။

ပုံနှိပ်ထားသော စာအုပ်များကို ဖတ်ရှုသူ များသည် အိုင်ပတ်ဖြင့် စာဖတ်သူများထက် ဇာတ်လမ်းဇာတ်ကွက် သဘောကို ပို အမှတ်ရတတ်၊ ဇာတ်လမ်းပါ အဖြစ်အပျက်များတွင် ထပ်တူပြု ပိုခံစားတတ် ကြကြောင်း တွေ့ရှိခဲ့ ပါသည်ဟု နော်ဝေရှိ စတာဗင်ဂါ တက္ကသိုလ်မှ လေ့လာမှု ပြုလုပ်ခဲ့သူ အန်းမန်ဂန်က ဂါးဒီးယန်း သတင်းစာတွင် ရေးသား ခဲ့သည်။ စာအုပ်ကို လက်က ကိုင်ထားပြီး ရှေ့ကို လှန်ဖတ်လိုက်၊ နောက်ကို လှန်ဖတ်လိုက် လုပ်နိုင် သောကြောင့် စာအုပ်နှင့် သာမက စာအုပ်ထဲတွင် ရေးသား ထားသည့် ဇာတ်ကွက် များနှင့်ပါ ရုပ်ပိုင်းနှင့် စိတ်ပိုင်းအရ ထိတွေ့မှု ရှိစေခဲ့ကြောင်း သူက ပြောသည်။

ထို့ပြင် ညဥ့်နက်ချိန် လက်ပ်တော့များ၊ ဖုန်းများဖြင့် စာဖတ်ခြင်းကြောင့်လည်း အိပ်စက်ခြင်း အပေါ် အနှောင့်အယှက် ဖြစ်စေကြောင်း လေ့လာမှု များတွင် ဖော်ပြထား ပြန်သည်။ မအိပ်ခင် အီးဘွတ်ခ် ဖတ်ရှုခြင်းကြောင့် မလာတိုနင်ဟု ခေါ်သည့် အိပ်စက်ခြင်းနှင့် ဆိုင်သော ဟော်မုန်း ထွက်ရှိမှု နှုန်းကို လျှော့ကျ စေတတ်ကြောင်း ဟားဗတ် တက္ကသိုလ်၏ မကြာသေးမီတွင် ထုတ်ပြန်ခဲ့သော လေ့လာမှုတွင် ဖော်ပြ ထားသည်။ အကျိုးဆက် အဖြစ် အီးဘွတ်ခ် ဖတ်ရှုသူ များသည် အိပ်ပျော်ဖို့ အချိန်ပို ကြာတတ်သည်။ အိပ်ပျော် သွားပြန် တော့လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲသည်။ မနက်နိုး လာပြန်လျှင်လည်း မလန်းမဆန်း ဖြစ်တတ် ကြသည်။

အီးဘွတ်ခ် စာဖတ်စက် အများစုမှ ထွက်သော အလင်းရောင်သည် စာဖတ်သူ၏ မျက်လုံး အပေါ် တိုက်ရိုက် ကျရောက်ပြီး ပုံနှိပ် ထားသော စာအုပ်များနှင့် Kindleစာဖတ်စက်များ မှာမူ စာအုပ်၏ စာမျက်နှာ များမှ ပြန်သော အလင်းသာရှိ တတ်ကြောင်း လေ့လာမှုတွင် ပါဝင်ခဲ့သည့် ချားစ်ဇီစလာ ကပြောဆိုခဲ့သည်။ အအိပ်ပျက်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေ တတ်သည်။ အအိပ်ပျက်ခြင်းနှင့် နှလုံး ရောဂါ၊ အ၀လွန် ရောဂါ၊ ဆီးချို သွေးချို ရောဂါနှင့် ကင်ဆာတို့ကြား ဆက်စပ်မှု ရှိသည်ကို တွေ့ရှိခဲ့ကြသည်။

ဆန့်ကျင်ဘက် အားဖြင့် ဂန္တ၀င် ပုံနှိပ်ထားသော စာအုပ်များ ဖတ်ခြင်းက လူကို ပိုမို အိပ်ပျော်စေတတ် ပြန်သည်။ မအိပ်ခင် စာဖတ်ခြင်းကြောင့် တစ်နေကုန် ကြုံတွေ့ခဲ့ရသည့် ဒုက္ခ သုက္ခများမှ ခဏတာ ကင်းဝေးခွင့် ရရှိပြီး အိပ်ချင် လာကာ တစ်ညတာ အနားရ တတ်သည်။ ပုံနှိပ် စာအုပ် များ၏ စာမျက်နှာ များမှ အလင်းရောင်သည် အီးဘွတ်ခ်ဖတ် စက်များမှ ထွက်သော အလင်းနှင့်မတူ၊ ဦးနှောက်ကို လှုံ့ဆော်မှု မပြုတတ်ချေ။

စာဖတ်ခြင်းသည် သီချင်း နားထောင်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် လက်ဖက်ရည် တစ်ခွက် သောက်လိုက်ခြင်းတို့ ကဲ့သို့ပင် စိတ်ဖိစီးမှုကို လျော့ကျ စေတတ်ကြောင်း ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှု တစ်ခုတွင် ဖော်ပြ ထားသည်။ သုတေသန ပညာရှင် များက နှလုံးခုန်နှုန်းနှင့် ကြွက်သားများ၏ တင်းမာမှုကို တိုင်းတာ ကြည့်သည့် အခါတွင် စာဖတ်ပြီး ခြောက်မိနစ် အကြာတွင် လူများ အကြောလျော့ သွားလေ့ ရှိကြောင်း တွေ့ရှိခဲ့ သည်။ သို့သော် အီလက်ထရောနစ်စက် တစ်ခုခုဖြင့် စာဖတ်ခြင်းသည် ဆန့်ကျင်ဘက် အကျိုး သက်ရောက် စေသည်။ ညနက် သန်းခေါင် အချိန်တွင် မိုဘိုင်းဖုန်း၊ လက်ပ်တော့များ အသုံးပြုခြင်းနှင့် စိတ်ကျခြင်းတို့ကြား ဆက်စပ်နေပြီး စိတ်ဖိစီးမှုကိုများစေနိုင်ကာ လူလတ်ပိုင်း များအတွက် ရုပ်ပင်ပန်းမှု ပိုစေတတ်သည်။

ပုံနှိပ်ထားသည့် စာအုပ်များကို မည်သည့် အတွက်ကြောင့် နှစ်ခြိုက် မိကြောင်းကို တွေးကြည့်မိသည်။ သိသာ ထင်ရှားသော အရည်အသွေး များကြောင့် ဖြစ်မည် ထင်ပါသည်။ စာမျက်နှာ များကို လှန်ဖတ်ရ ခြင်းကြောင့် ကိုယ်စာမျက်နှာ ဘယ်လောက် ရောက်နေပြီ ကို သိသာစွာသိ နိုင်မည်။ နှစ်သက်သော စာကြောင်းများကို မျဉ်းသား နိုင်သည်။ မျဉ်းသားမိ သောကြောင့် ရေးသား ထားသည်နှင့် ပိုရင်းနှီးသလို ရှိသွား တတ်သည်။ အသိသာ အထင်ရှားဆုံးမှာ အိပ်ပျော်စေခြင်း ဖြစ်သည်။ မအိပ်မီ စာဖတ်ခြင်းကြောင့် အာရုံ တစ်ခုတည်းကို စိုက်ထားသည့် အကျင့်ရ လာသည်။ လက်ရှိ ကမ္ဘာမှ အခြား ကမ္ဘာသစ် တစ်ခုသို့ စိတ်ကို ကူးပြောင်း ရောက်ရှိသွား နိုင်သည်။ ကိုယ်တစ်နေ့တာ ကြုံတွေ့ခဲ့ ရသည့် စိတ်ဖိစီးမှု များနှင့် ပြဿနာများကို ချန်လှစ် ထားနိုင်သည်။ ကိုယ့် အတ္တကိုယ် ဗဟိုပြုသည့် ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ် တို့ကို မေ့ပစ်နိုင် ခဲ့သည်။ တကယ့် စာအုပ်များကြောင့် ကိုယ့်လောက အပြင် ထွက်ကာ အခြားသူများ၏ လောကထဲ ၀င်ကြည့်သည့် အကျင့်ရရှိ လာသည်။ ပြောရလျှင် ယနေ့ခေတ် ကမ္ဘာကြီးတွင် အရေးတကြီး လိုအပ် နေသည်မှာ အခြားသူနေရာဝင် ခံစားတတ်သည့် စိတ်ဓာတ်သာ ဖြစ်ပါသည်။

Ref: Why We Should All Start Reading Paper Books Again: The Guardian

The Messenger

Read 4295 times

အမျိုးသမီးများ မုတ်ဆိတ်ရိတ်ပေးပါက ပိုပိုလှလာပါမည်



အမျိုးသမီးတွေ ပိုလှချင်ရင် မုတ်ဆိတ်ရိတ်ကြလို့ တိုက်တွန်းချင် ပါတယ်။ ဒါဟာ အကောင်းဆုံး အကြံဉာဏ် တစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန် နိုင်ငံ မှာတော့ မုတ်ဆိတ်ရိတ်ခြင်းကြောင့် ပိုမို လှပ လာတယ်လို့ ယုံကြည်နေ ကြတဲ့ အမျိုးသမီး အများကြီးရှိ နေကြပြီ ဖြစ်ပါတယ်။ ဂျပန်မှာ ရှိတဲ့ အလှ ပြင်ဆိုင်တွေ မှာ မုတ်ဆိတ်ရိတ်ခြင်း ပြုလုပ်ပေး နေတဲ့ ၀န်ဆောင်မှုတောင် ပြုလုပ်ပေး နေပြီ ဖြစ်ပါတယ်။ အမျိုးသမီးတွေ မုတ်ဆိတ်ရိတ်ပြီး အလှပြင် တာဟာ အရင် ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှ ဆိုရင် နှစ်ပေါင်းများစွာ ကတည်းက ပြုလုပ် နေတာ ဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်မင်းသမီး မွန်ရိုးဟာ မုတ်ဆိတ်ရိတ်ခြင်းကို အမြဲပြုလုပ်လေ့ရှိ ပါတယ်။ ဂျပန် အမျိုးသမီးတွေဟာ တစ်လ တစ်ကြိမ် မုတ်ဆိတ်ရိတ်တတ် ကြသလို အချို့ဆိုရင်လည်း နေ့စဉ် မုတ်ဆိတ်ရိတ်မှုတွေ ပြုလုပ် နေကြပြီ ဖြစ်ပါတယ်။ မုတ်ဆိတ်ရိတ်ခြင်းကြောင့် အသားရေပေါ်မှာ ရှိနေတဲ့ ဆဲလ်တွေ ဟာအပြောင်းအလဲ ဖြစ်စေတာမို့ နုပျိုမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းကြောင့် မိတ်ကပ်လို အလှပြင် ပစ္စည်းတွေကို အလွယ်တကူ စွဲကပ် စေမှာ ဖြစ်ပါတယ်။ မုတ်ဆိတ်ရိတ်လို့ အမျိုးသားတွေလို ဖြစ်လာမှာ ကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ မုတ်ဆိတ်ရိတ်ပြီးပါက နူးညံ့တဲ့ မက်မွန်သီး လိုအရာတွေနဲ့ ပြုလုပ်ပေး ပါက ချောမွေ့သွားပြီး အသားအရေကို ပိုလှလာစေ တယ်လို့ အလှပြင်ဆိုင် ပိုင်ရှင် အိုဇာကီက ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး အိုဇာကီက ပောာလီးဝုဒ်မှာ အမျိုးသမီးတွေ မုတ်ဆိတ်ရိတ်ခြင်းကို နှစ်ပေါင်းများစွာ ကတည်းက ပြုလုပ်ပေး နေကြောင်း ဆိုခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုက အလှအပရေးရာ ကျွမ်းကျင်သူတွေ ကလည်း မုတ်ဆိတ်ရိတ်ခြင်းကြောင့် အမျိုးသမီးတွေ လှပမှုကို ပိုမို သွားစေမယ်လို့ ထောက်ခံချက် ပေးထား ပါတယ်။ အလှအပ ရေးရာတွေကို ဆောင်းပါး အဖြစ် ရေးသားနေ တဲ့ စင်သီယာ ကလည်း မိမိ ကိုယ်တိုင် အစမ်းသပ်ခံပြီး မုတ်ဆိတ်ရိတ်ရာမှာ ထူခြားတဲ့ အတွေ့အကြုံကို ခံစားရကြောင်း၊ အရင်ကထက် ပိုလှပသလို ခံစားရကြောင်း ပြောကြားခဲ့ ပါတယ်။

The Messenger

Read 4295 times

Saturday, January 24, 2015

လျှပ်စစ် ဗို့အား (၁၁၀၀၀)ကို ခံနိုင်တဲ့ ကမ္ဘာ့အံ့ဖွယ်လူသား


အေသင်အောင်

လူတစ်ဦးပာာ လျှပ်စစ်ဗို့အား (၂၇၀၀) လောက်နဲ့ ထိတွေ့ခဲ့ပါက အနည်းဆုံး ဒဏ်ရာ ရခြင်းကို ကြုံတွေ့ရမှာ ဖြစ်ပြီး လျှပ်စစ်ဗို့အား (၁၁၀၀၀) လောက်နဲ့ ထိတွေ့ ခဲ့မယ် ဆိုရင် မတွေးဝံ့စရာ ဖြစ်သွားပါ လိမ့်မယ်။ ဒါပေမဲ့ အိနိ္ဒယ နိုင်ငံက လူငယ် တစ်ဦး ကတော့ လျှပ်စစ်ဗို့အား(၁၁၀၀၀)ကို ခံနိုင် စွမ်းရှိကြောင်း သက်သေပြသွားခဲ့ ပါတယ်။ လျှပ်စစ် ဗို့အား(၁၁၀၀၀) ဟာ အိမ်(၅၀၀)ကို လျှပ်စစ် ဓာတ်အား ပေးနိုင်တဲ့ အားနဲ့ ညီမျှမှု ရှိပါတယ်။ ဒီလောက် များပြားတဲ့ လျှပ်စစ်ဗို့အားကို ခံနိုင်ရည်ရှိသူ ကတော့ အသက် (၁၆)နှစ်သာ ရှိသေးတဲ့ ဒီပက်ဂျန်ဂရာ ဖြစ်ပါတယ်။ ဒီပက်ဂျန်ဂရာပာာ လျှပ်စစ်ဗို့အား (၁၁၀၀၀)ကို ခံနိုင်ကြောင်း စမ်းသပ်ခံပြီး ဖြစ်ပါတယ်။ ဒီပက်ဂျန်ဂရာပာာ လျှပ်စစ် ဗို့အား (၁၁၀၀၀) ထုတ်လွှင့် ထားတဲ့ ရေထဲကို လက် ထည့်ပြ ပြီးတော့ ခံနိုင်ရည် ဘယ်လောက် ရှိကြောင်း ပြသွားခဲ့ ပါတယ်။

ဒီပက်ဂျန်ဂရာက မိမိဟာ ဘုရားသခင်၏ စောင့်ရှောက်မူကြောင့် ထူခြား စွမ်းရည် ပိုင်ဆိုင် ထားခြင်း ဖြစ်ကြောင်း၊ ယင်းကို မိမိ အနေဖြင့် ဂုဏ်ယူမိကြောင်း၊ မိမိမှာ လျှပ်စစ်ဓာတ်ကို ကြောက်မိသော်လည်း ယခုအခါ ယုံကြည်မှု တိုးလာကြောင်း၊ မိမိကိုယ် မိမိ ကြိမ်ဖန်များစွာ စမ်းသပ်ခံပြီး ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို လျှာဖြင့် စမ်းသပ်မှု ပြုလုပ် ခဲ့ကြောင်း၊ သို့သော် မည်သည့် နာကျင်မှုမှ မဖြစ်ကြောင်းဆိုခဲ့ ပါတယ်။ ဒီပက်ဂျန်ဂရာ ဟာ ပြီးခဲ့တဲ့ သုံးနှစ်က မိခင်ဖြစ်သူ အပူပေးစက်ကို ပြုပြင်ရာမှ တစ်ဆင့် ထူးခြားတဲ့ စွမ်းအင်တွေ ပိုင်ဆိုင် ထားကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။ ဒီပက်ဂျန်ဂရာပာာ အပူပေးစက်ကို ပြုပြင်ရာမှာ ဓာတ်လိုက်ခဲ့ ပေမယ့် ဘာမှ မဖြစ်ပါဘူး။ ဒီနောက် စမ်းသပ်မူတွေ အမျိုးမျိုး ပြုလုပ်ခဲ့ပြီး လျှပ်စစ်ဓာတ်ခံ နိုင်ကြောင်း သိရှိလာခြင်း ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ခံနိုင်ရည် ရှိကြောင်း ၀ါယာကြိုးတွေ သွယ်တန်း ထားမှုကို လက်နဲ့ ကိုင်ပြီး မီးသီး လင်းပြကာ သရုပ်ပြသခဲ့ ပါတယ်။ နောက်ပြီး လျှပ်စစ် ဓာတ်အားစီး နေတဲ့ ၀ါယာကြိုးကို ပါးစပ်ထဲ ထည့်ပြခဲ့ ပါတယ်။ ဒီပက်ဂျန်ဂရာပာာ ပုံစံမျိုး စုံစမ်းသပ်ပြီးနောက် လျှပ်စစ်ဗို့အား (၁၁၀၀၀) လောက်နဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပက်ဂျန်ဂရာပာာ လျှပ်စစ်ဗို့အား (၁၁၀၀၀)လောက်နဲ့ စမ်းသပ်မှု လုပ်ပြီး နောက် ဆရာဝန်တွေထံ ပြသမှု ပြုလုပ်ရာ ဘာမှမဖြစ်တာကို တွေ့ခဲ့ရ ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေက အန္တရာယ်များတဲ့ စွန့်စားမှုကို မလုပ် သင့်ကြောင်း၊ တစ်ချိန်မှာ မထင်မှတ်စရာများဖြင့် ကြုံရ နိုင်ကြောင်း သတိပေးထား ပါတယ်။ နယူးဒေလီမြို့ မှ အသက်(၂၃)နှစ် အရွယ်ရှိ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ဦး ဖြစ်တဲ့ ဂါဗူရာဆင်းက လျှပ်စစ် ဗို့အား(၁၁၀၀၀)မှာ အားလုံး ပျက်စီးသွား နိုင်ကြောင်း၊ သို့သော် ဒီပက်ဂျန်ဂရာမှာ ဘာမှမဖြစ်ခဲ့တာကို အံ့အားသင့်ဖွယ်ရာ မြင်တွေ့ခဲ့ ရကြောင်း ဆိုခဲ့ပါတယ်။

The Messenger

Read 4295 times

KIA ကိုယ်ကျိုးကြည့်နေသမျှ ကချင်ငြိမ်းချမ်းရေး မရနိုင်ပါ

ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းရေးရဖို့ မျှော်လင့်စောင့်စားခဲ့တာ ကြာပါပြီ။ တစ်နေ့ရနိုးနိုးဖြင့် စောင့်လာ
လိုက်တာ ယနေ့ အချိန်အထိ အဖြူအမည်း မသဲကွဲသေးတာကို တွေ့မြင်ရတော့ တော်တော်လေး စိတ်ပျက်ရပါတယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုး တိုးတက်မယ်ဆိုတာ ကချင်မှာနေတဲ့ တိုင်းရင်းသားအားလုံး လက်ခံထားကြတယ်။ အခြားသော ပြည်နယ်တွေလို ကချင် ပြည်နယ်ကိုလည်း ငြိမ်းချမ်းစေချင်လှပြီ။ ဒါပေမယ့် KIA ကြောင့် ငြိမ်းချမ်းရေး မရနိုင်တော့ဘူးလို့ပဲ ပြောချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပြန်ပြီလေ။ တိုက်ပွဲဖြစ်အောင် ဖန်တီးလိုက်တာ ကလည်း KIA ဆိုတာ အားလုံးသိနေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါဖြင့်ရင် KIA က ငြိမ်းချမ်းရေး မယူချင်ဘူးလား။ သူလုပ် နေတဲ့ လုပ်ရပ်တွေက အဲဒီလို အဓိပ္ပါယ်မျိုး သက်ရောက်နေတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ လူမှန်သမျှ တိုက်ပွဲတွေ ဖြစ်လာ အောင် မဖန်တီးဘူး။ အဲဒါအမှန်တရားပဲ။ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုမှ သွားပြီးဖမ်းဆီးထိန်း သိမ်းတာ လုပ်ရဲတယ်၊ လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကြိုးတုပ်ဖမ်းခဲ့တယ်။ ဒါဟာ KIA ရဲ့ လှည့်ကွက်ဆိုတာ အဖြေက ရှင်းနေပါတယ်။

KIA လက်ထဲက ရဲတွေကို ပြန်လည်ကယ်တင်ဖို့ တပ်မတော်က နယ်မြေရှင်းလင်းရေး မလွှဲမရှောင်သာ လုပ်ရမှာပဲ။ ဒီတော့ KIA က တိုက်ပွဲဖြစ်အောင် စတင်ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ရာကနေ အခြေအနေတွေ ဆိုးလာခဲ့တယ်။ ဖားကန့် မြို့နယ်ထဲမှာ သေနတ်သံ၊ ဗုံးသံတွေ ပြန်ကြား လာရတယ်။ ရဲစခန်းကို မိုင်းခွဲတာ၊ ကျောက်မျက်ကုမ္ပဏီဝန်းတွေထဲ မိုင်းပစ်တာ၊ လမ်းဆုံလမ်းခွတွေမှာ မိုင်းထောင်ဖောက်ခွဲတာ၊ တံတားတွေ မီးရှို့တာ အများကြီး ဖြစ်လာတယ်။ KIA က သတ္တိနည်းပြီး သူရဲဘောကြောင်တဲ့ ကောင်တွေလို့ ကျွန်တော်တို့ တိုင်းရင်းသားတွေက သတ်မှတ်လိုက်တယ်။

စဉ်းစားကြည့်လေ။ တိုက်ပွဲဖြစ်တာက တပ်မတော်စစ်ကြောင်းနဲ့ ဖြစ်တာ။ သူတင်ကိုယ်တင် ပြန်တိုက်ပေါ့။ ဘာမှ မဆိုင်တဲ့ ရဲစခန်း၊ လမ်းတံတား၊ ကုမ္ပဏီတွေကို မိုင်းခွဲစရာ မလိုပါဘူး။ ဒါဟာ KIA ဘယ်လောက် အောက်တန်းကျပြီး မိန်းမလို မိန်းမရဆန်တယ်ဆိုတာ မြင်သာပါတယ်။ ဒါတင်လာဆိုတော့ မကပြန်ပါဘူး။ အောင်ဘာလေရွာမှာ အေးအေး ဆေးဆေး နေတဲ့ ရွာသူရွာသားတွေကို မောင်းထုတ်ပြန်တယ်။

KIA ကို ကြောက်ရတာကြောင့် အဲဒီရွာသားတွေဟာ အောင်ဘာလေရွာကနေ ကံဆီရွာသစ်ကို ပြောင်းကြရတယ်။ ဒါကို KIA က တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ရွာသူရွာသားတွေ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ရပါတယ်ဆိုပြီး မီဒီယာ တွေကနေတစ်ဆင့် အော်တယ်။ တကယ်တော့ အဲဒီရွာသူရွာသားတွေဟာ တိုက်ပွဲရဲ့ ဆိုးကျိုးကို ဘာမှမခံစားရဘဲ KIA အသုံးချတာကို ခံနေရတာပါ။ အောင်ဘာလေနဲ့ ကံဆီးရွာသစ်က ပြည်သူတွေကို တပ်မတော်က ကူညီစောင့်ရှောက်မှု တွေ ပြုလုပ်ပေးနေတာ ဒေသခံအားလုံး လက်တွေ့သိမြင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။

အရှင်းဆုံးပြောရရင် KIA ဟာ ငြိမ်းချမ်းရေးမယူချင်ပါဘူး။ ငြိမ်းချမ်းသွားရင် သူတို့အကျိုးစီးပွားတွေ ထိခိုက်မှာစိုးတဲ့ အတွက် အမြဲတမ်း မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေတာပါ။ အခုဆိုရင် KNU အဖွဲ့တောင် ငြိမ်းချမ်းရေးယူသွားပြီ။ KIA အဖွဲ့ ဘာလို့မယူတာလဲ အဖြေက ရှင်းနေပါတယ်။ ငြိမ်းချမ်းရေးကို မလိုလားဘဲ သူတို့အတ္တကိုယ်ကျိုးစီးပွားတည်မြဲဖို့ အတွက် ကချင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်
နေအောင်ကြံစည်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ တိုက်ပွဲများ ကြားထဲမှာ အသုံးချခံမြေဇာပင်ဘ၀နဲ့ ဘယ်သောအခါမှ လွတ်မြောက်နိုင်မည်မသိပါ။ KIA ကိုယ်ကျိုးကြည့်နေသရွေ့ ကချင်ငြိမ်းချမ်းရေး မရနိုင်ဘူးလို့သာ ဆိုချင်ပါတော့တယ်။

ဇော်လွန်းခေါင်

Read 4295 times

Sunday, November 30, 2014

အမျိုးသား ပညာရေး ဥပဒေနှင့် ဆက်စပ်ဥပဒေများ (မူကြမ်းများ) မပြဌာန်းမီ ဖိတ်ခေါ်ချက်များ

ဥပဒေကို မပြဌာန်းခင် .....
ဖိတ်ခေါ်မှုတွေပြုလုပ်ခဲ့ပါတယ် ......
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရပိုင် သတင်းစာများ/မီဒီယာများမှ တဆင့် ကြေညာခဲ့ပါတယ် ခင်ဗျာ ...... ။

ဖိတ်ခေါ်တုန်းက မရောက်လာပဲ ...
ဂရုမစိုက်ပဲ .......
ပြုလုပ်ပြီးမှ ကန့်ကွပ်တာတော့ ....
ဂဏန်းအသွင် ဖြစ်နေတာကို သတိပြုမိပါတယ် .......

ကြေညာချက်ပါ ...
---------
မြန်မာ့ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက် အကြံပြုချက်များ ဖိတ်ခေါ်ခြင်း
---------------------------------------
မြန်မာ့ပညာရေးအဆင့်အတန်းမြင့်မားရေးအတွက်ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ဆောင်ရွက် နိုင်ရန် (၇-၁၀-၂၀၁၃) ရက်နေ့တွင် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆွေးနွေးပွဲကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပ၍ အစိုးရဌာန အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ Stakeholder များပါဝင်သည့် ကော်မတီ၊ အကြံပေးအဖွဲ့များ ဖွဲ့စည်းလျက် မူဝါဒ လုပ်ငန်းစဉ်များ အမျိုးသား ပညာရေး ဥပဒေနှင့် ဆက်စပ်ဥပဒေများ (မူကြမ်းများ) ပြုစုလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၂ ခုနှစ် သြဂုတ်လမှစတင်ခဲ့သော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (Comprehesive Education Sector Review-CESR) သည် ပညာရေး ဝန်ကြီးဌာန၊ ပညာရေးနှင့် ဆက်စပ်သော ဝန်ကြီးဌာနများမှ ပညာရှင်များ၊ အတွေ့အကြုံရင့် ပညာရှင်ကြီးများနှင့် နိုင်ငံတကာ အကြံပေးပညာ ရှင်များ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပညာရေး နယ်ပယ်တွင် လုပ်ကိုင် ဆောင်ရွက်နေကြသူများဖြင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်၍ ပြုပြင်ပြောင်းလဲသင့်သော ထောက်ခံအကြံပြုချက်များအပေါ်အခြေခံပြုစုဆောင်ရွက်ပါသည်။

ထိုထောက်ခံအကြံပြုချက်များ အပေါ်မူတည်၍ လက်တွေ့ကျကျ အစဉ်ပြေချောမွေ့စွာ ပြုပြင်ပြောင်း လဲနိုင်ရန် အတွက် လုပ်ငန်းအဖွဲ့များက Stakeholder များနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် တက္ကသိုလ် အဆင့်တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆွေးနွေးပွဲနှင့် အမျိုးသား အဆင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်၍ လူမှုအဖွဲ့အစည်းများ၏ အကြံပြုချက်များ ရရှိနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

အလုပ်ရုံဆွေးနွေးပွဲများတွင် တက်ရောက်ဆွေးနွေးအကြံပြုနိုင်ပါကြောင်းနှင့် တက်ရောက်ဆွေးနွေးနိုင်ခြင်း မရှိပါကလည်း အောက်ဖော်ပြပါ ဆက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များသို့လည်း အကြံပြုချက်များကို ဆက်သွယ်ရန် လိပ်စာ စိန်ရတုခန်းမတက္ကသိုလ်စာတိုက် ကမာရွတ်မြို့နယ် ရန်ကုန်မြို့ သို့မဟုတ် အောက်ပါဆက်သွယ်ရန် e-mai များသို့ စာဖြင့် ပေးပို့နိုင်ကြောင်း သတင်းရရှိပါသည်။

၁။ ဒေါက်တာ ဒေါ်ခင်မျိုးမြင့်ကြူ အဖွဲ့ခေါင်းဆောင်(၁) မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ myoemyintkyu@gmail.com
ဒေါ်ခင်မာထွေး အဖွဲ့ခေါင်းဆောင်(၂) kmhdirector@gmail.com

၂။ ဒေါ်မြင့်မြင့်သန်း အဖွဲ့ခေါင်းဆောင်(၁) ဘုန်းတော်ကြီးသင် ပညာရေးနှင့်ပညာရေး လုပ်ငန်းဆောင်ရွက်သည့် ဘာသာရေးအဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်း အဖွဲ့
ဒေါ်ညွန့်ညွန့် အဖွဲ့ခေါင်းဆောင်(၂) malaynyunt@gmail.com

၃။ ဦးတင်ညို အဖွဲ့ခေါင်းဆောင်(၁) အခြေခံပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့
ဦးစိုးဝင်း အဖွဲ့ခေါင်းဆောင်(၂) tinnyo2@gmail.com

၎။ ဒေါက်တာ ဒေါ်ထူးထူးအောင်အဖွဲ့ခေါင်းဆောင်(၁) ဆရာအတတ် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့
ဒေါ်ခင်ခင်ဌေး အဖွဲ့ခေါင်းဆောင်(၂) khinhtay.directordept@gmail.com

၅။ ဦးထွန်းလှ အဖွဲ့ခေါင်းဆောင်(၁) ကလေးဗဟိုပြု ချဉ်းကပ်သင်ယူ နည်းဆိုင်ရာ လုပ်ငန်းအဖွဲ့
ဒေါ်ဂျိုအဲနာ အဖွဲ့ခေါင်းဆောင်(၂) 20jdoe08@gmail.com

၆။ ဦးမြင့်ဟန် အဖွဲ့ခေါင်းဆောင်(၁) ကျောင်းပြင်ပပညာရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ mlrc.ygn@gmail.com
ဦးခင်မောင်ထွေး အဖွဲ့ခေါင်းဆောင်(၂) khinmaunghtwe58@gmail.com

၇။ ဒေါက်တာဥမ္မာကျော် အဖွဲ့ခေါင်းဆောင်(၁) ဥပဒေပြုစုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့
ဒေါက်တာဒေါ်သန်းနွဲ့ အဖွဲ့ခေါင်းဆောင်(၂) kyaw.omar@gmail.com

၈။ ဒေါ်ရီရီမြင့် အဖွဲ့ခေါင်းဆောင်(၁) စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ dawyiyimyint09@gmail.com
ဒေါက်တာထွန်းအောင် အဖွဲ့ခေါင်းဆောင်(၂) dr.tunaung64@gmail.com

၉။ ဒေါက်တာသက်လွင် အဖွဲ့ခေါင်းဆောင်(၁) ဝန်ထမ်းစွမ်းရည်မြှင့် တင်ရေးနှင့်စွမ်းဆောင် ရည်အကဲဖြတ်ရေး လုပ်ငန်းအဖွဲ့ thetlwin737@gmail.com
ဒေါ်နှင်းမူ အဖွဲ့ခေါင်းဆောင်(၂) hmdhel@gmail.com

၁၀။ ဒေါက်တာမြမြဦး အဖွဲ့ခေါင်းဆောင်(၁) လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများမြှင့်တင် ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ drmyamyaoo@gmail.com
ဒေါက်တာကျော်နိုင် အဖွဲ့ခေါင်းဆောင်(၂) drkyawnaing2009@gmail.com

၁၁။ ဦးစိန်မင်း အဖွဲ့ခေါင်းဆောင်(၁) ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင် ကောင်းများကြီးကြပ် ဖြည့်ဆည်းရေး လုပ်ငန်းအဖွဲ့
ဒေါက်တာနုနုရီ အဖွဲ့ခေါင်းဆောင်(၂) nunuyi1964@gmail.com

၁၂။ ဦးစိုးညွန့် အဖွဲ့ခေါင်းဆောင်(၁) သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ ဆိုင်ရာလုပ်ငန်း အဖွဲ့(အဆင့်မြင့်)
ဒေါက်တာနေဝင်းဦး အဖွဲ့ခေါင်းဆောင်(၂) winoo.nay@gmail.com

၁၃။ ဒေါက်တာဒေါ်မြကြွယ် အဖွဲ့ခေါင်းဆောင်(၁) သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာ လုပ်ငန်းအဖွဲ့အခြေခံ
ဒေါ်ခင်သင်းဖြူ အဖွဲ့ခေါင်းဆောင်(၂)khinthinphyu.edu@gmail.com

၁၄။ ဒေါက်တာမြင့်သိန်း အဖွဲ့ခေါင်းဆောင်(၁) အဆင့်မြင့်ပညာရေး ဆိုင်ရာလုပ်ငန်းအဖွဲ့
ဒေါက်တာဇော်မြင့် အဖွဲ့ခေါင်းဆောင်(၂) zawmyint.uzm@gmail.com

၁၅။ ဒေါက်တာခင်မေအုန်း အဖွဲ့ခေါင်းဆောင်(၁) ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့
ဒေါက်တာတင့်ဆွေလတ် အဖွဲ့ခေါင်းဆောင်(၂) proftsl@gamil.com

၁၆။ ဒေါက်တာကျော်ဝင်း အဖွဲ့ခေါင်းဆောင်(၁) သက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ nyihlange1@gmail.com
ဒေါက်တာဇော်မင်းနိုင် အဖွဲ့ခေါင်းဆောင်(၂) wytu2010@gmail.com

၁၇။ ဒေါက်တာမြင့်သောင်း အဖွဲ့ခေါင်းဆောင်(၁) စိုက်ပျိုးရေး/ မွေးမြူရေး/သစ်တော
ဒေါက်တာတင်ထွဋ် အဖွဲ့ခေါင်းဆောင်(၂) ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ tinhtutagri@gmail.com

၁၈။ ဒေါက်တာဖိုးကောင်း အဖွဲ့ခေါင်းဆောင်(၁) သတင်းအတတ် နည်းပညာနှင့် ဆက်သွယ်ရေးပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့ pkaung@gmail.com
ဒေါက်တာဒေါ်နွဲ့နွဲ့ဝင်း အဖွဲ့ခေါင်းဆောင်(၂) nwe2win.csyu@gamil.com

Read 4295 times

KIA (ကချင်) အဖွဲ့မှ လက်နက်မဲ့ အလင်းဝင်ရောက်

KIA (ကချင်)အဖွဲ့ တပ်ရင်း(၄)မှ တပ်သား အဆင့်ရှိ ခင်မောင်ဝင်း ၂၆ နှစ်သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီ ၄ဝ မိနစ် အချိန်တွင် တပ်မတော် စစ်ကြောင်းသို့ လက်နက်မဲ့ ဝင်ရောက် ခဲ့သည်။

ခင်မောင်ဝင်းသည် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် မြစ်ကြီးနားမြို့နယ် မရှီယန်ရွှေမှော် မှ အလုပ်ထွက်ခဲ့ပြီး မြစ်ကြီးနားမြို့သို့ ဂွေထော်လမ်း အတိုင်း ပြန်လာစဉ် KIA (ကချင်)အဖွဲ့မှ အဓမ္မဖမ်းဆီး စုဆောင်းခြင်း ခံရကာ မေလတွင် KIA (ကချင်)အဖွဲ့၊ တပ်ရင်း(၄)သို့ ရောက်ရှိပြီး စစ်သင်တန်း ၂ လခန့် တက်ရောက်ခဲ့ ရကြောင်း၊ သင်တန်းဆင်း ပြီးနောက် ၄င်းတပ်ရင်းတွင် ပြည်သူ့စစ် တာဝန် ထမ်းဆောင် ရကြောင်း၊ KIA (ကချင်)အဖွဲ့တွင် နေလိုစိတ် မရှိသဖြင့် ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး KIA (ကချင်) အဖွဲ့ တပ်ရင်း(၄) လက်အောက်ခံ ၁၇ မိုင်စခန်းသို့ ရောက်ရှိစဉ် ထွက်ပြေး၍ တပ်မတော် စစ်ကြောင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

KIA လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာပြီး တပ်မတော်စစ်ကြောင်းကို အကူအညီတောင်းကာ .....
ပြည်သူ့ရင်ခွင်သို့ ပြန်လည်ခိုလှုံခွင့်ရခဲ့သူပါ ...... ။

သူရဲ့ ပြောဆိုချက်အရ ......
KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ သူကဲ့သို့ ထွက်ပြေးရန် ကြိုးစားနေသူအများအပြားရှိကြောင်းလည်း သိရပါတယ် ...... ။

မူးယစ်ဆေးဝါးများ တိုက်ကျွေးထားပြီး ထွက်ပြေးနိုင်ခြင်းမရှိအောင်လည်း မိသားစုများကို ခြိမ်းခြောက်ခြင်းများလည်း ပြုလုပ်ထားပါတယ် ဟု သိရပါတယ် ... ။

Read 4295 times

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

Photo: အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

Read 4295 times

Wednesday, November 26, 2014

ဆုတောင်းပေးရန်ကျန်သူများ .....









တပ်မတော်သားတွေ သေလို့ မတင်ချင်လို့ မတင်တာ .....
ဆုတောင်း မပေးချင်လို့ မပေးတာကွာ ဆိုရင် ......
ကောင်းပါပြီ ......
လက်ခံပေးပါ့မယ် .......

သို့သော် ......
KIA လက်နတ်ကိုင်သောင်းကျန်းသူတို့ရဲ့ လက်ချက်နဲ့
သေသွားတဲ့ တိုင်းရင်းသားတွေ အတွက်ရော ......

ဒီထက်ဆိုးရွားစွာ သတ်ဖြတ်ထားတဲ့ပုံတွေရှိသေးတယ်၊
ရက်ရက်စက်စက်၊ ပေါက်တူးနဲ့ရိုက်သတ်ခံလိုက်ရတဲ့ သျှမ်းနီ တစ်ယောက် ဖြစ်စဉ်လည်းကျန်သေးတယ် .......

KIAက " မင်းလားကွ ဗမာ " ဆိုပြီး၊ လူမျိုးရေး ၀ါဒနဲ့ သတ်ဖြတ်လိုက်တဲ့ ကိစ္စတွေလည်းရှိသေးတယ်။ (ကချင်-ဗမာ ဘယ်တုန်းကမှ ပြဿနာမဖြစ်ခဲ့တာ ကချင်ပြည်နယ်က ဗမာလူမျိုးတွေသိတယ် KIA တွေကြောင့် ဗမာတွေကို နှိမ်တာလည်း၊ ဗမာတွေသိတယ်... ဗမာတင်ပဲလား ... မဟုတ်ဘူး KIA ကလွဲ့ ကချင်အချင်းချင်းတောင် နှိမ်ပြီးဆက်ဆံတယ်)

ခင်ဗျားတို့ ဆုတောင်းပွဲလုပ်လို့ကောင်းအောင် ....
ပုံတွေနဲ့ သက်သေတွေနဲ့ တင်ပေးတာ .....
လုပ်လိုက်ပါဦး ...
တပ်မတော်သားတွေအတွက် မလုပ်ချင်တာဆိုရင် .....
ဒီသေဆုံးသူတွေအတွက် လုပ်ပေးလိုက်ပါဗျာ .......
ဆွမ်းကျွေးလေးဘာလေးလည်းလုပ်ဦးသိလား .......

ခုလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့သူတွေ
မကျွတ်ပဲ ....
ဆုတောင်းပွဲမှာ အမျှလိုချင်လို့ အိပ်မက်ပေးနေမယ် ......

သူတို့ရဲ့ ငိုသံတွေနဲ့ မျက်ရည်တွေ ....
လူရုပ်မပေါ်ပဲ အသတ်ခံလိုက်ရတဲ့အတွက်၊ ဒီအတိုင်းပဲ ခင်ဗျားတို့ဆီ လာလိမ့်မယ် .......

မြန်မာပြည်ကြီးအေးချမ်းပါစေ .....

Read 4295 times

7days သို့မေးသည့်စာ ......

7day ၏တစ်ဖက်စောင်းနင်းရေးသားမှု


ဒီလို မဒိန်းကျင့်တယ်လို့ ခေါင်းဆောင်အောက်မှာ ......
ဘာ့ကြောင့် အစိုးရနှင့် သံဃာတော်များအား ခေါင်းစဉ်တပ်ရပါသလဲ .......


မဒိန်းကျင့်ပြီး သတ်ဖြတ်သည့် အစ္စလာမ်ဘာသာဝင် မွတ်ဆလင်များ မပြုလုပ်သည့်
သဖွယ်၊ ထိုသူတို့ကို ဘာ့ကြောင့်ထည့်မရရေးပါသလဲ ........

KIA လက်နတ်ကိုင်သောင်းကျန်းသူတို့ သျှမ်းအမျိုးသမီးနှင့် ရခိုင်အမျိုးသမီးတို့အား အုပ်စုဖွဲ့ မဒိန်းကျင့် သတ်ဖြတ်ခဲ့သည်များကို မသိရှိ၍ မရေးခြင်းလား .......

KIA လက်နတ်ကိုင်တို့ သျှမ်းအမျိုးသမီး ကလေးနှင့် တပါတည်းပါသည့် အမျိုးသမီးအား
မဒိန်းကျင့်သည့် သတင်းကိုရော ဘာ့ကြောင့် မထည့်ရတာလဲ ........

7Days ၏ ရည်ရွယ်ချက်မှာ ဘာလဲ .......

ပိုစ့်အောက်တွင် ပြည်သူတို့၏ စကားသံများကိုရောကြားမိရဲ့လား ........

ဘာသာရေးဖြင့် ဆူပူမှုကို ဖန်တီးပေးနေတာလား .......

အစိုးရနှင့်ပြည်သူအကြား ရင်ကြားစေ့ရေးဟူသော စကားကိုမေ့လျော့ထားသည်လား .....

ပြည်သူများ၏ ထောပနာပြုသံများ

Read 4295 times

Tuesday, November 25, 2014

KIA လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဦးစီးချုပ် ဂမ်းရှောင် အောက်တန်းကျလေပြီ

KIA လက်နတ်ကိုင်သောင်းကျန်းသူ အဖွဲ့ တည်မြဲရေးနှင့် တပ်မတော်အပေါ် နိုင်ငံတကာမှ အထင်မြင်လွဲစေရန်အတွက် လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့၏ မိသားစုမှ ကျောင်းသားသူငယ်များအား လူသားတံတား အဖြစ်အသုံးချနေပါပြီ ……..

ပဉ္စမတန်းမှ ဒဿမတန်းအထိ ဘော်ဒါတက်ရောက်နေသည့် ကျောင်းသား/သူပေါင်း ၁၅၀ ခန့်ကို အောက်ပါအတိုင်း ခွဲဝေနေရာချထားလိုက်သည်။

၁- ဗဟိုဌာနချုပ် လိုင်ဇာ အနီး ဝေကြိုင်ရပ်ကွက်၊ KIA သတင်းရယူရေးရုံးဝန်း အတွင်း ကျောင်းသား/သူ ၅၀ ဦးဖြင့်လည်းကောင်း

၂- ဗဟိုဌာနချုပ် လိုင်ဇာရှိ ပဲကြားလော့လောင်းကစားရုံ အစည်းအဝေးခန်းမတွင် ကျောင်းသား/သူ ၅၀ ဦးဖြင့်လည်းကောင်း

၃- တပ်မဟာ(၅)ဌာနချုပ် အနီး မုန်ဆန်ယန်တွင် ကျောင်းသား/သူ ၅၀ ဦးဖြင့်လည်းကောင်း နေရာချထားပြီး လူသားတံတိုင်းကာရံ၍ မိမိတို့၏ တပ်ဖွဲ့ဝင် မိသားစုများအား အသုံးချနေပါသည်။

KIA လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့၏ ဦးစီးချုပ် ဂမ်ရှောင်သည် နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဤသို့ထားရှိရန်နှင့် တပ်မတော်မှ လက်နတ်ကြီး ထပ်မံပစ်ခတ်ပါက ၄င်းကျောင်းသားများအား အကြောင်းပြ၍ ထိခိုက်မှုမရှိခဲ့သည့်တိုင် ၀ါဒဖြန့်ချီရေးကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့ပြီး၊ တပ်မတော်၏ တပ်စခန်းများကို အလစ်ငိုက်ယူ ၀င်ရောက်ပစ်ခတ်ခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်ဟု သတင်းရရှိပါသည်။

၂၀၁၂ ခုတွင်လည်း လိုင်ဇာအား တပ်မတော်မှ သိမ်းယူမည်ဟု သတင်းများကြောင့်၊ စစ်ဘေးဒုက္ခသည်များအား လိုင်ဇာ၏ စည်းရိုးအဖြစ် နေရာချထားခဲ့ဖူးပါသည်။ ၄င်းတို့၏ ခေါင်းဆောင်ပိုင်းများသည် တရုတ်ပြည်သို့ တိမ်းရှောင်နေပြီး သျှမ်းနီမိသားစုများ၊ ကချင်မိသားစုများနှင့် အခြားတိုင်းရင်းသားမိသားစုများကို လူသားတံတိုင်းစည်းရိုးအဖြစ် အသုံးပြုခဲ့ပါသည်။ တပ်မတော်မှ လိုင်ဇာရောက်ခါနီးတွင် ရပ်စိုင်းပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် လက်ကမ်းခဲ့ပါသည်။

အတွင်းသတင်း .......
ME™

Read 4295 times

Share

Twitter Delicious Facebook Digg Stumbleupon Favorites More